- စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာစေရန် ဂျဲန်ဒါတန်းတူညီမျှရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ ထည့်သွင်းပြဌာန်း နိုင်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာများ ဆည်းပူးလေ့လာ ခြင်းဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားမည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဂျဲန်ဒါတန်းတူညီမျှရေးဆိုင်ရာ အာမခံချက်များပါဝင်လာ စေခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံပါဝင်နေကြသော မြန်မာအမျိုးသမီး များ၏ ရဲစွမ်းသတ္တိအား အသိအမှတ်ပြုစေရန် ဆောင်ရွက်သွားမည်။
- ဂျဲန်ဒါတန်းတူညီမျှမှု၊ မတူကွဲပြားမှုနှင့် နိုင်ငံသားအားလုံးအကျုံးဝင်မှု စသည့် ဒီမိုကရေစီစံတန်ဖိုးများကို ကွန်ရက်အဖွဲ့ဝင်များ၏ရပ်တည်ချက်နှင့် လုပ်ငန်းများတွင် ထင်ဟပ်စေခြင်းဖြင့် မြန်မာအမျိုးသမီးများ၏ နိုင်ငံရေးလိုလားချက်များကို လေးစား ဂုဏ်ပြုသွားမည်။
- ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ မူဝါဒများ၊ စီမံကိန်းများတွင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လူ့အခွင့် အရေးများအား အသိအမှတ်ပြုစေရန် စည်းရုံးလှုံ့ဆော်သွားမည်။
- ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းအသီးသီး၏ အစိုးရဖွဲ့စည်းပုံများတွင် ဂျဲန်ဒါတန်းတူ ညီမျှမှုကို ထည့်သွင်းပြဌာန်းစေမည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းများ ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ပံ့ပိုးပါဝင်ဆောင်ရွက်သွားမည်။
- ကွန်ရက်လုပ်ငန်းများလည်ပတ်နိုင်ရေးအတွက် ဝန်ထမ်း၊ ရုံးခန်းနှင့် ရုံးသုံးပစ္စည်းများ အပါအဝင် ဘဏ္ဍာငွေအထောက်အပံ့များ ရရှိအောင် ဆောင်ရွက်သွားမည်။
- အနာဂတ်တွင်ရေးဆွဲမည့် မူဝါဒများ၊ ဥပဒေများနှင့် အစိုးရစီမံကိန်းများတွင် ဂျဲန်ဒါ တန်းတူညီမျှမှု ပါဝင်လာစေရေးကို ဦးဆောင်လှုပ်ရှားသွားမည်။
- လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး ဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်း လွှတ်တော် များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံသော နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ၊ လွှတ်တော်ဆိုင်ရာအဖွဲ့ အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်။
- မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုအား လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရေးလုပ်ငန်းစဉ်များအား ပံ့ပိုးကူညီသွားမည်။
- နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရအား ပိုမိုထောက်ခံလာစေရန် စည်းရုံး လှုံ့ဆော်သွားမည်။
- ကမ္ဘာတဝှမ်းရှိ လွှတ်တော်အသိုင်းအဝိုင်းအား ကွန်ရက်လုပ်ငန်းဆောင်တာများနှင့် အောင်မြင်မှုများကို အသိပေးပြီး နိုင်ငံတကာမှ လွှတ်တော်အဖွဲ့အစည်းများ၊ ဂျဲန်ဒါနှင့် အမျိုးသမီးရေးရာ လွှတ်တော်ကော်မတီများထံမှ အကြံဥာဏ်၊ အထောက်အကူများ ရယူဆောင်ရွက်သွားမည်။
- စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ပြီး ပြည်တွင်း၊ ပြည်ပ တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ လွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် စစ်ရာဇ၀တ်မှုများအား ကြားနာအရေးယူသည့် ကော်မရှင်များ ထံသို့ အစီရင်ခံသွားမည်။
- ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ အကြား ဆက်သွယ်ပြန်ကြားရေးနှင့် သတင်းအချက်အလက်စီးဆင်းမှု ပိုမိုအားကောင်းလာစေရန် ချိတ်ဆက်ပေးမည်။
- ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာသတင်းအချက်အလက်များ ပြည်သူ့ထံသို့ ရောက်ရှိစေရန် ဆောင်ရွက်သွားမည်။
- ပြည်သူ့ရေးရာမူဝါဒများရေးဆွဲရာတွင် ပြည်သူများအား အသိပေးပါဝင်စေမည်။
- အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်မည်။