ဇွန်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် သီရိလင်္ကာလွှတ်တော်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (Women Parliamentarians Caucus)နှင့် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက်တို့ အွန်လိုင်းမှ တွေ့ဆုံပြီး ဂျဲန်ဒါတန်းတူညီမျှရေး၊ ကဏ္ဍပေါင်း စုံတွင် အမျိုးသမီးများပါဝင်လှုပ်ရှားမှု တိုးမြင့်လာစေရေးနှင့် အမျိုးသမီးများအား ပဋိပက္ခအခြေ အနေအတွင်း အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ကြပါသည်။ ထို့ပြင် အဖွဲ့အစည်းနှစ်ခုကြား ရေရှည်ဆက်ဆံရေးထူထောင်သွားပြီး ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးသဘောတူခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သီရိလင်္ကာလွှတ်တော် အတွေးရေးမှူးချုပ် Ms. Kushani Rohanadreera မှ တက်ရောက်အမှာစကားပြောကြားပြီး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဥက္ကဌ Hon. (Dr.) Sudarshini Fernandopulle, ဒုဥက္ကဌ Hon. (Dr.) Seetha Arambepola နှင့် Hon. (Mrs.) Rohini Kumari Wijerathna တို့အပါအဝင် အဖွဲ့ဝင် ၁၂ ဦးတက်ရောက်ခဲ့ပါသည်။ မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက် ညှိနိုင်းရေးယူနစ်အဖွဲ့ဝင် ဒေါ်အေးမြမြမျိုးမှ ကွန်ရက်အကြောင်းရှင်းလင်းတင်ပြ၍၊ ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါ်မြတ်သီတာထွန်းမှ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးကာ ကွန်ရက်အဖွဲ့ဝင် ဒေါ်အယ်ဗလင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကွန်ရက်အဖွဲ့ဝင် ၆၆ ဦးတက် ရောက်ခဲ့ပါသည်။

 

https://m.facebook.com/story.php?story_fbid=pfbid028G4TN9dcndeJQkCihSBmgVikNLdRrzsUPC9uBm8X3sko2XDiMTW5UdzDhjvSfCr3l&id=100066477263515&mibextid=Nif5oz

Scroll to Top